seven diamond myanmar travel logo
Trip Advisor
facebook

Warning: "continue" targeting switch is equivalent to "break". Did you mean to use "continue 2"? in /home/sevendia/public_html/modules/mod_gruemenu/helper.php on line 82

YANGON – SINGAPORE - YANGON

 

Day 01 ) Arrival–Merlion Park ( - / - / - )


Yangon အပြည်ပြည်ဆိုင်ရာလေဆိပ်မှ စင်ကာပူနိုင်ငံ Changi  လေဆိပ်သို့ ရောက်ရှိချိန်တွင် ဒေသခံ ဧည့်လမ်းညွှန်မှ လာရောက်ကြိုဆိုပြီး စင်ကာပူနိုင်ငံ၏ အမှတ်အသားတစ်ခုဖြစ်သော Merlion Park တွင် အမှတ်တရ အလှဓါတ်ပုံများကို ရိုက်ကူးကြပါမည်။ ထို့နောက် Suntec City သို့လည်ပတ်ပါမည်။ ညစာကို Loval Chinese Restaurant တွင်သုံးဆောင်ပြီး ဟိုတယ်တွင် Check-In ဝင်ကာ အနားယူအိပ်စက်ကြပါမည်။


Day 02 )  USS – Diamond Factory and Oil Shop-Wings of Time  ( B/ L/ D)


ဟိုတယ်တွင် မနက်စာ သုံးဆောင်ပြီးနောက် စင်ကာပူတွင် မဖြစ်မနေသွားရောက်ရမည့် နေရာများဖြစ်သော ဖြစ်သော Diamond Factory and Oil Shop တို့ကို လည်ပတ်ပါမည်။ ရင်ခုန်စိတ်လှုပ်ရှားဖွယ်ရာ ခေတ်မီကစားနည်းများစွာဖြင့် ပြည့်နှက်နေသော Universal Studios ရှိရာ Sentosa ကျွန်းသို့ Van ဖြင့် သွားရောက်ကြပါမည်။ ထို့နောက် နေ့လည်စာကို Lunch Cupon ဖြင့်သုံးဆောင်ကြပါမည်။ Universal Studio တွင် လည်ပတ်ပြီးနောက်တွင် ရှုမငြီးဖွယ်ရာ မီးရောင်စုံအလှအပများကို ကြည့်ရှုခံစားနိုင်ရန် Wings of Time Show သို့သွားရောက်ကြပါမည်။ ထို့နောက် ညစာကို Good Old Day Restaurant တွင် Buffet ဖြင့်တည်ခင်းဧည့်ခံပါမည်။ ထို့နောက် ဟိုတယ်တွင် ပြန်လည်အိပ်စက်အနားယူကြပါမည်။





Day 03 )Gardens by the Bay –Chocolate Shop - Orchard (မနက်စာ / နေ့လည်စာ / ညစာ)


ဟိုတယ်တွင် မနက်စာသုံးဆောင်ပြီးနောက် အလွန်များပြားလှသော အဖိုးတန်သစ်ပင် မျိုးစိတ်များကို ထိန်းသိမ်းထားရာ Flower Dome နှင့် အပူပိုင်းဒေသမှ အပင်ပေါင်း ၆၀၀၀ ကျော်ကိုလည်း ပြသထားရာ Cloud Forest တွင် ကမ္ဘာအရှည်ဆုံး နှင့် အမြင့်ဆုံး မိုးလုံလေလုံရေတံခွန် သာမက အပြန်အလှန် တုံ့ပြန်နိုင်သော လှုပ်ရှားမှုများကိုလည်း လေ့လာကြည့်ရှုရင်း အလှဓါတ်ပုံများ ကိုရိုက်ကူးကြပါမည်။
ထို့နောက် Chocolate Shop တွင် အိမ်အပြန်လက်ဆောင်များကို ဝယ်ယူကြပြီး နေ့လည်စာကို Local Chinese Restaurant တွင်သုံးဆောင်ကြပါမည်။ နေ့လည်စာသုံးဆောင်ပြီးနောက်တွင် Vivo City နှင့် Orchard Road တွင် Branded ပစ္စည်းများနှင့်တခြားလက်ဆောင်ပစ္စည်းများကို ဝယ်ယူနိုင်ရန် လိုက်ပါ
ပို့ဆောင်ပေးပါမည်။ ညစာသုံးဆောင်ပြီးနောက် ဟိုတယ်တွင် ပြန်လည်အိပ်စက်အနားယူပါမည်။



Day 04 ) SINGAPORE - YANGON (မနက်စာ / နေ့လည်စာ / -)

 

မနက်စာသုံးဆောင်ပြီးနောက်တွင် China Town ရှိ ဗုဒ္ဓ စွယ်တော်မြတ် ဘုရားသို့သွားရောက် ဖူးမျှော်ကြပါမည်။ အနီးနားရှိ ပစ္စည်းမှန်ပြီးစျေးတန်သော Bugis တွင် လည့်လည်ကြည့်ရှုရင်း စျေးဝယ်ထွက်နိုင်ပါသေးတယ်။ နေ့လည်စာကို Korea BBQ Lunch ကို Seoul Garden Restaurant တွင်သုံးဆောင်ကြပါမည်။ ထို့နောက် Changi အပြည်ပြည်ဆိုင်ရာလေဆိပ်
သို့ပြန်လည်ပို့ဆောင်ပေးပါမည်။


ခရီးစဉ်ပြီးဆုံးပါပြီ။

 

ခရီးစဥ◌်အတွက် ကုန်ကျစရိတ်အတိအကျကို သိရှိလိုပါက ၀၉ ၇၃၁၂၆၀၀၂ မှ ၀၉ ၇၃၁၂၆၀၀၄ သို့လည်းကောင်း This email address is being protected from spambots. You need JavaScript enabled to view it.လည်းကောင်း ဆက်သွယ် မေးမြန်း နိုင်ပါသည်။